Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ်၌ မြို့နယ်အဆင့် စီမံကိန်းလုပ်ငန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်


25 Apr,2024

သရက်       ဧပြီ        ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ နှင့်ပတ်သက်၍ မြို့နယ်အဆင့် စီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ က သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမိုးဝင်း က အဖွင့်အမှာစကားပြောကြားပြီး သရက်မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း က မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊‌ ခေတ်မီစံပြကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း၊ ဆိုလာရေတင်စနစ်တည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ သုံးသပ်ဆွေးနွေးရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းလည်ပတ်မှုအခြေအနေများ၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြပြီး မြို့နယ်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များကဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့   မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ခေတ်မီစံပြကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း၊အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းနှင့် ဆိုလာရေတင်လုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက် လျက်ရှိသည့်  ကျေးရွာများမှ ကော်မတီဝင် ၄၅ ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြခဲ့ကြောင်း သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း ထံမှ သိရှိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm